Why "Research"?

📝ကျွန်မတို့ဟာ Research မရှိပဲ လူ့ဘောင်အဖွဲ့အစည်း needs/requirements တွေကို စနစ်တကျ သိဖို့မလွယ်ကူနိုင်ပါဘူး။

📝 အဲ့ဒါကြောင့် "Research & Development" အရေးပါမှု ကို နားလည် လာဖို့ လိုအပ်သလို ကျောင်းသားကျောင်းသူ ဘဝမှာထဲက research ကို စတင်လုပ်ဆောင်နိုင်ဖို့ လိုအပ်ပါတယ်။

📝ဒါမှသာ အစဉ်တစိုက် တိုးတက်နေတဲ့ environment တစ်ခုကို ကျွန်မတို့တွေဖန်တီးနိုင်ကြမယ်လို့ယူဆပါတယ်။

🔺Knowledge is not a power; it’s potential power. 🔺

📝Knowledge ကို researchable/ appliable ပုံစံပြောင်းနိုင်တဲ့ action ရှိမှ power တစ်ခုဖြစ်လာမှာပါ။


​📝Research ရဲ့ Objective(ရည်ရွယ်ချက်)ဟာ New findings( အသစ်တွေ့ရှိချက်)တွေကို တင်ပြယုံတင်မဟုတ်ပဲ

❗️Scientifical Analysis (ခွဲခြမ်းစိပ်ဖြာခြင်း) လုပ်နိုင်ဖို့

❗️Proof(ခိုင်မာကြောင်း)ပြဖို့ လည်း လိုအပ်ပါတယ်။

Characteristics of Research

📝 ကျောင်းသားတွေဆီက Research လုပ်တဲ့ အချိန်နဲ့ Thesis ရေးတဲ့ အချိန်တွေမှာ ကြားရလေ့ ရှိတဲ့ နောက်ထပ် ပြဿနာလေးတခု ရှိပါတယ်။ အဲ့ဒါက ကိုယ်လုပ်ထားတဲ့/ ကိုယ်စဉ်းစားထားတဲ့ အကြောင်းအရာဟာ

❓Research ဖြစ်နိုင်ပါ့မလား၊

❓Researchအဖြစ် အများက လက်ခံကြပါ့မလား ဆိုတာမျိုးပါ။

📝ဒီတော့ ဒီ Article မှာ ကိုယ့်လုပ်ထားတဲ့အရာ/ ကိုယ်လုပ်မယ်ရည်ရွယ်ထားတဲ့ အရာ Research မည်/မမည်ကို ဒီ Characteristic လေးတွေကို ကြည့်ပြီး ပြန်စစ်ကြည့်ကြရအောင်

1️⃣Research တခုဟာ Research Question or Issue တခုနဲ့ စတင်ရပါမယ်။ လူ့ဘောင်လောက အတွက် မဖြေရှင်းရသေးတဲ့ ပြဿနာတွေ။ Related Works တွေရဲ့ Gap တွေပေါ်မှာ မူတည်ပြီး ဖြစ်ပေါ်လာတဲ့ Ideology သာလျှင် Research ရဲ့အစလို့ယူဆရပါတယ်။

2️⃣Research Goal ကိုယ့်ပန်းတိုင်ရဲ့ Scope သတ်မှတ်ချက် ဘယ်အထိ ရှိသလဲ ဆိုတာမျိုးလို တခြားသော သတ်မှတ်ချက်တွေ ထားဖို့လည်းလိုအပ်ပါတယ်။

3️⃣Preliminary Preparation ဆိုတဲ့ ကြိုတင်ပြင်ဆင်ထားမှုတွေ၊ အထူးသဖြင့် ကိုယ်လုပ်မဲ့ Research အတွက် ကြိုတင် လေ့လာ တွက်ချက်မှု၊ အကြမ်းဖျင်း ပြင်ဆင်မှု လုပ်ဆောင်ချက်လည်း ပါရပါမယ်။

4️⃣Specific Plan for Proceeding ဆိုတဲ့အတိုင်း အသေးစိတ် ပြင်ဆင် ဆောင်ရွက်မှုတွေလည်း လိုအပ်ပါတယ်။

5️⃣Critical Assumption လို့ဆိုတဲ့ ဝေဖန်သုံးသပ်ချက်တွေလည်း ပါဝင်နေဖို့ လိုအပ်ပါတယ်။

📝ဒါကတော့ ကျွန်မ သိတဲ့ Research တခု အထမြောက်တယ် မမြောက်ဘူးဆိုတာ ဆန်းစစ်ဖို့ Characteristic တွေကို မျှဝေလိုက်ခြင်းဖြစ်ပါတယ်။